ပြတင်းပေါက်က၀င်လာတဲ့ လေညှင်းလေးတွေက မအေးမြပါလား။ ပူပြင်း လှတဲ့နေရောင်အောက်ကနေ ဖြတ်လာခဲ့ရလို့လား။ ကောင်းကင်ယံမိုး တိမ်တွေကလဲ မဲမှောင်လို့၊ မိမိကိုပဲသူစိမ်းဆန်စွာ ဆက်ဆံနေသရောင်။ အပူဒဏ်ကိုမုန်းတတ်တဲ့ မိမိအတွက် စင်္ကာပူနေကပဲ အကျဉ်းချခဲ့လေပြီ လား အပြင်ထွက်ဖို့အတွက် အတော်ဝန်လေးနေခဲ့မိတယ်။ လေအတိုး မှာ ဝေ့ရမ်းနေ တဲ့ခန်းစည်းစလေးတွေက လာချင်ဦးဟဲ့ စင်္ကာပူဆိုပြီး မိမိ ကိုလျှောင်နေသလို။ သဘာဝအလှထက် ဘယ်အရာမှမက်လောက်စရာ မရှိဘူးဆိုတဲ့အစွဲကြောင့်ပဲလား တစ်နေရာရာသွားချင်စိတ်ရဲ့နောက်မှာ ခြေရာမထပ်ချင်တော့။
ဖန်တီးထားတဲ့အရာတွေက ဘယ်လောက်ပဲကြီးကြယ် ခန်းနားနေပါစေ မြင်စမှာအံ့သြမိပေမယ့် ကြာရင်
တော့ ရိုးသွားတတတ်တဲ့သဘောနေမှာ။ သမီးစင်္ကာပူသွားဖို့အတွက် အမေတစ်ယောက်အလုပ်တွေ ရှုတ်နေ တဲ့ မနှစ်ကပုံရိပ်ကို ပြန်မြင်မိလာတယ်။ ရန်ကုန်နှင့်နယ်ကို သွားချည်ပြန်လှည့် မမောနိုင်မပန်းနိုင်၊ သမီး စင်္ကာပူသွားရဖို့အရေး ဗေဒင်ယတြာတွေ မေးလိုက်တာလဲစုံလို့ပေါ့။ သမီးနိုင်ငံခြားသွားရတော့မည်ဆိုတော့ စိုးရိမ်မှုကတစ်ပိုင်း၊ ဂုဏ်ယူမှုကတစ်ပိုင်း တွေ့သမျှလူတိုင်းကိုလဲ ကြွားလိုက်ချင်သေးတာ။ သမီးက ပညာရေး သာညံ့တာ ကံကညံ့တာမဟုတ်ဘူးတဲ့။ သူများတွေဆို ဘွဲ့ရမှ၊ သင်တန်းတွေတက်ထားမှ၊ ငွေလဲတတ်နိုင်မှ သွားလို့ရတာတဲ့။ သမီးကတော့ လမ်းစရိုက်လောက်သာ ပေးရတယ်ဆိုပဲ။
တော့ ရိုးသွားတတတ်တဲ့သဘောနေမှာ။ သမီးစင်္ကာပူသွားဖို့အတွက် အမေတစ်ယောက်အလုပ်တွေ ရှုတ်နေ တဲ့ မနှစ်ကပုံရိပ်ကို ပြန်မြင်မိလာတယ်။ ရန်ကုန်နှင့်နယ်ကို သွားချည်ပြန်လှည့် မမောနိုင်မပန်းနိုင်၊ သမီး စင်္ကာပူသွားရဖို့အရေး ဗေဒင်ယတြာတွေ မေးလိုက်တာလဲစုံလို့ပေါ့။ သမီးနိုင်ငံခြားသွားရတော့မည်ဆိုတော့ စိုးရိမ်မှုကတစ်ပိုင်း၊ ဂုဏ်ယူမှုကတစ်ပိုင်း တွေ့သမျှလူတိုင်းကိုလဲ ကြွားလိုက်ချင်သေးတာ။ သမီးက ပညာရေး သာညံ့တာ ကံကညံ့တာမဟုတ်ဘူးတဲ့။ သူများတွေဆို ဘွဲ့ရမှ၊ သင်တန်းတွေတက်ထားမှ၊ ငွေလဲတတ်နိုင်မှ သွားလို့ရတာတဲ့။ သမီးကတော့ လမ်းစရိုက်လောက်သာ ပေးရတယ်ဆိုပဲ။
သမီးကလဲ စင်္ကာပူဆိုလို့သာ သွားတာပါ။ မလေးတို့ ထိုင်းတို့လိုနိုင်ငံဆို မသွားပါဘူး။ သမီးတို့နယ်မှာ စင်္ကာပူသွားတာဆိုလို့ သမီးက ပထမဆုံးပေါ့။ ဒါတောင် သွားကံပါလို့။ သွားချင်နေကြတာမှ အများကြီးပဲ။ စင်္ကာပူလိုနိုင်ငံဆိုတော့ ဂုဏ်လဲရှိတယ်။ လူလဲအထင်ကြီးတယ်လေ။ ငွေလဲပိုရတယ်ပေါ့။ ရွာမှာဆို သမီး စင်္ကာပူသွားအလုပ်လုပ်မှာဆိုပြီး နာမည်ကိုကြီးနေတာပဲ။ အမေကြွားလုံးပိုတာလဲ ပါတာပေါ့။ ဟိုရောက်ရင် ဘာအလုပ်လုပ်ရမှာလဲ၊ လခဘယ်လောက်ရမှာလဲနဲ့ စပ်စုနေကြတာ။ လေယဉ်ကွင်းလိုက်ပို့ချင်ကြတဲ့ ဆွေ မျိုးတွေကလဲ အများကြီး။
အစစအရာရာတိုးတက်နေတဲ့နိုင်ငံဆိုတော့ သူတို့အထင်ကြီးမယ်ဆိုလဲ ကြီးချင်စရာပေါ့လေ။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အားလုံးက မိမိနိုင်ငံထက် အဆပေါင်းများစွာသာနေတာပဲ။ အဲလို နိုင်ငံမျိုးကိုသွားရတာ ကံကောင်းတယ်လို့ အမေယူဆမယ်ဆိုလဲ ယူဆချင်စရာပေါ့။ အမေပြောသလိုပဲ အမေ့သမီးက ပညာရေးသာညံ့ချင်ညံ့မယ် ကံကတော့ကောင်းပါတယ်…။
သမီးကို နိုင်ငံခြားလွတ်ရမှာ နဲနဲလေးမှစိတ်မချဘူး။ ပညာရေးကြောင့်သာလွတ်လိုက်ရတာ။ သမီးကကလေး မဟုတ်တော့ဘူးဆိုပေမယ့် အမေ့မျက်လုံးထဲမှာတော့ ကလေးပဲရှိသေးတယ်လေ။ စာကြိုးစား ပေါ့သမီးရယ်။ သွားသတိ၊ လာသတိတော့ထား။ မိဘအုပ်ထိမ်းမှုအောက်ကလွတ်သွားပြီဆိုပြီးတော့ ထင်တိုင်းကြဲ မနေနဲ့။ ငွေကို လိုသလောက်မှာပါသုံးပါ၊ ဒါပေမယ့် ဖြုန်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ ဘယ်သူမှ မသိနိုင်ဘူးဆို ပြီးတော့ မဟုတ်တာလဲ မလုပ်မိစေနဲ့။ ကိုယ့်ကိုကိုယ် သတိထားသလို၊ ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်ဆက်ဆံပါ သမီး။ စင်္ကာပူ ကျောင်းသွားတက်မည့်သမီးကို စိတ်မချနိုင်ဖြစ်နေရှာသော အမေတစ်ယောက် သွားခါနီး တတွက်တွက်မှာနေလေရဲ့။
စင်္ကာပူရောက်တိုင်း မိမိနဲ့သိတဲ့သူတွေကို ဆက်သွယ်ဖြစ်ခဲ့ပါတယ်။ ရောက်တုန်းရောက်ခိုက်လေး တွေ့ကြ ဆုံကြ ပြောကြဆိုကြရအောင်လို့ပါ။ ပြီးတော့ ပြန်ရောက်လို့ သူတို့ရဲ့မိဘတွေ သတင်းမေးခဲ့ရင်လဲ အကျိုး အကြောင်းပြန်ပြောရတာပေါ့။ နေကောင်းကျန်းမာကြောင်း၊ အလုပ်အကိုင်တွေ အဆင်ပြေကြောင်း ၀မ်းသာ စကားလေးတွေ ကြားချင်ကြမှာပေါ့။ စင်္ကာနဲ့ရန်ကုန်ဆိုတာက အင်တာနက်ရှိရင် နေ့စဉ်စကားပြောလို့ ရတယ်ဆိုပေမယ့် မတူတဲ့ဘ၀တွေကြားမှာ မတူတဲ့ကံကြမ္မာစည်းတွေ ခြားနေသူ တွေလဲရှိတယ်လေ။
စင်္ကာပူနိုင်ငံမှာ မြန်မာတွေလက်ညိုးထိုးမလွဲပါဘူး။ အလွာပေါင်းစုံ၊ လူပေါင်းစုံတို့ နေရာပေါင်းစုံ၊ လုပ်ငန်း
ပေါင်းစုံ၊ ဆိုက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့မှာ မြန်မာပညာရှင်များစွာတို့ အလုပ်လုပ်နေကြပါတယ်။ စင်္ကာပူနိုင်ငံရဲ့ တိုးတက်မှု ၇၅%ရာနှုံးက မြန်မာတွေဆီကနေ စွမ်းအင်တွေယူသုံးထားတာလို့တောင် ပြော လို့ရမယ် ထင်ပါတယ်။ ဂုတ်သွေးစုပ် ဦးနှောက်ဖောက်စားသူရယ်လို့ မစွပ်စွဲချင်ပါဘူး။ ပညာနဲ့ ဒေါ်လာ ဖလှယ် တယ်လို့ပဲ သဘောထားချင်ပါတယ်။ သူတို့နိုင်ငံကြီးပွားတိုးတက်သလို ကိုယ့်မိသားစုလဲ ချမ်းသာ စုဆောင်းမိသွားကြတယ်လေ။
ပေါင်းစုံ၊ ဆိုက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့မှာ မြန်မာပညာရှင်များစွာတို့ အလုပ်လုပ်နေကြပါတယ်။ စင်္ကာပူနိုင်ငံရဲ့ တိုးတက်မှု ၇၅%ရာနှုံးက မြန်မာတွေဆီကနေ စွမ်းအင်တွေယူသုံးထားတာလို့တောင် ပြော လို့ရမယ် ထင်ပါတယ်။ ဂုတ်သွေးစုပ် ဦးနှောက်ဖောက်စားသူရယ်လို့ မစွပ်စွဲချင်ပါဘူး။ ပညာနဲ့ ဒေါ်လာ ဖလှယ် တယ်လို့ပဲ သဘောထားချင်ပါတယ်။ သူတို့နိုင်ငံကြီးပွားတိုးတက်သလို ကိုယ့်မိသားစုလဲ ချမ်းသာ စုဆောင်းမိသွားကြတယ်လေ။
အဲဒီလို ငွေရဖို့အတွက် လာကြသူတွေရှိသလို၊ ဒေါ်လာပေးပြီး ပညာသင်လာသင်နေကြသူတွေလဲ အများကြီး ပါပဲ။ နိုင်ငံတကာအဆင့်မှီပညာရေးဆိုတော့ ကုန်ရကျိုးနပ်ပါတယ်လေ။ ငွေရှာလို့ကောင်းတဲ့နေရာဖြစ်သလို ပညာသင်လို့ကောင်းတဲ့နေရာဆိုလဲ မမှားပါဘူး။ မြန်မာတွေအဖို့ကတော့ လူတိုင်းသွားချင်ပေမယ့် လူတိုင်း မရောက်နိုင်တဲ့နေရာ၊ ကျောင်းတက်ချင်ပေမယ့် ကျောင်းသားတိုင်းမလှမ်းနိုင် တဲ့နိုင်ငံပေါ့လေ။
အရာဝတ္ထုတစ်ခုမှာ အားသာချက်နဲ့ အားနည်းချက်က ဒွန်တွဲနေတတ်ပါတယ်။ လောကမှာ Side Effect လို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တာတွေ များစွာရှိပါတယ်။ မတူတဲ့ဓာတ်တွေအကူးခံရပြီဆိုရင် ယဉ်ကျေးမှု
တွေ ပျောက်သွားတတ်ပါတယ်။ ပြီးတော့ ဥပဒေနဲ့ဘောင်ခတ်ထားတဲ့ စည်းကမ်းဆိုတာက ဘာသာတရား ကွက်ကဲမှု၊ လူ့ယဉ်ကျေးမှုတွေ ပျောက်နေတတ်ပါတယ်။ ဘာသာတရားနဲ့ဥပဒေက ထိမ်းချုပ်မှုစည်းကမ်းတွေ မတူသလို လိုက်နာကျင့်သုံးပုံခြင်းလဲ မတူနိုင်ပါဘူး။
တွေ ပျောက်သွားတတ်ပါတယ်။ ပြီးတော့ ဥပဒေနဲ့ဘောင်ခတ်ထားတဲ့ စည်းကမ်းဆိုတာက ဘာသာတရား ကွက်ကဲမှု၊ လူ့ယဉ်ကျေးမှုတွေ ပျောက်နေတတ်ပါတယ်။ ဘာသာတရားနဲ့ဥပဒေက ထိမ်းချုပ်မှုစည်းကမ်းတွေ မတူသလို လိုက်နာကျင့်သုံးပုံခြင်းလဲ မတူနိုင်ပါဘူး။
စင်္ကာပူနိုင်ငံတွင် မြန်မာကျောင်းများစွာ ပေါ်ပေါက်လာခြင်း၊ ဘာသာရေးအဖွဲ့အစည်းများ ထူးထောင်ပြီး ဘာသာရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မြန်မာပြည်မှ နာမည်ကြီးဆရာတော်များကို ပင့်ဖိတ်၍ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း၊ တရားပွဲများစွာ ကျင်းပခြင်း၊ လူမှုရေးအသင်းထူထောင်ပြီး ကျန်းမာရေး၊ ပညာရေး ကူညီထောက်ပံ့ပေးမှု၊ မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်နဲ့ မီးဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့ လှူဒါန်းပေးခြင်း၊ ပါရမီဖြည့်ကုသိုလ်ပြုအဖွဲ့များထူထောင်လျက် လူမှုရေး၊ ကျန်းမာရေ၊ ပညာရေးထောက်ပံ့မှု စသော အလွန်မွန်မြတ်သည့်လုပ်ငန်းများစွာကို လုပ်ဆောင်နေကြတာကတော့ စင်္ကာရောက်မြန်မာတို့ အတွက် တကယ့်ကို ၀မ်းသာဂုဏ်ယူစရာပဲပေါ့။
တနင်္ဂနွေ ယဉ်ကျေးမှုသင်တန်းတက်နေတဲ့ မြန်မာကလေးတစ်ယောက်ရဲ့ မှတ်သားစရာပြောစကား ကတော့… အမေအဖေတို့တက်ခိုင်းလို့ ဒီသင်တန်းလာတက်နေတာပါတဲ့။ ကွန်ပျူတာဂိန်းနဲ့၊ ကျောင်းစာ
လောက်ပဲ စိတ်ဝင်စားတယ်ဆိုပဲ။ မြန်မာပြည် မိမိနွေယဉ်ကျေးမှုသင်တန်းက ကလေးတွေကတော့ မနက်မိုး မလင်းသေးဘူး ဘုန်းကြီးကျောင်းဝင်ထဲမှာ ဆူညံနေတာပဲ။ ကျန်တာအားလုံးပျောက်ပါစေ၊ ယဉ်ကျေးမှု မပျောက်ဖို့တော့ လိုမယ်ထင်ပါတယ်။
လောက်ပဲ စိတ်ဝင်စားတယ်ဆိုပဲ။ မြန်မာပြည် မိမိနွေယဉ်ကျေးမှုသင်တန်းက ကလေးတွေကတော့ မနက်မိုး မလင်းသေးဘူး ဘုန်းကြီးကျောင်းဝင်ထဲမှာ ဆူညံနေတာပဲ။ ကျန်တာအားလုံးပျောက်ပါစေ၊ ယဉ်ကျေးမှု မပျောက်ဖို့တော့ လိုမယ်ထင်ပါတယ်။
စီးပွားရေးတစ်မျက်နှာသာကြည့်တဲ့စင်္ကာပူမှာ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး ဦးစားမပေးတာတော့ သေ ချာတယ်။ ဒါကြောင့် အားနည်းသွားမှာကိုတော့ စိုးရိမ်မိတာအမှန်ပဲ။ ခေတ်ရေစီးကြောင်းနဲ့ စင်္ကာပူရဲ့ လွတ်လပ်မှုဆိုတာကလဲ လောကနိဗ္ဗာန်ဆိုရမလောက်အောင်ပါပဲ။ လွတ်လပ်မှုအပြည့်ရှိ တဲ့စင်္ကာပူမှာ ကိုယ်ကြိုက်တာကို လွတ်လပ်စွာလုပ်နိုင်တယ်လေ။ သွားချင်တဲ့နေရာကို လွတ်လပ်စွာ သွားလာနိုင်တယ်။ ၀တ်ချင်တဲ့အ၀တ်ကို လွတ်လပ်စွာ ၀တ်နိုင်တယ်၊ လွတ်လပ်စွာ ချစ်နိုင်တယ်၊ တွဲနိုင်တယ်၊ ခွဲနိုင်တယ်လေ။ စင်္ကာပူလိုနိုင်ငံမျိုးမှာ ဒါတွေကို လုပ်ဆောင်ဖို့အတွက် ၀န်လေးတာမှ မဟုတ်တာပဲ။ အဲဒီလို မတူတဲ့ ယဉ်ကျေးမှုတွေတော့ မရောယှက်မိပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
စဉ်းစားကြည့်လိုက်တော့ စင်္ကာပူမှာ အကျဉ်းကျခံနေရသူတွေကလဲ အများကြီးပဲ။ လွတ်လပ်တယ်ဆိုပေမယ့် အပြင်ထွက်ခွင့်မရသူတွေ၊ မိုးမျော်တိုက်တွေရဲ့ အထပ်အထပ်တွေမှာ လှောင်ပိတ်မိနေကြသူတွေ၊ ခြေဆုပ် လက်နှယ် ၀တ်ကြီးဝတ်ငယ်ပြုစုဖို့အတွက် အရောင်းစားခံဘ၀တွေ၊ အနည်းငယ်သော ဒေါ်လာအတွက်နဲ့ အခန်းကျဉ်းလေးထဲမှာ နေ့ညသေနေကြသူတွေကလဲ ဒူးနဲ့ဒေးပဲ။ သူတို့တွေဟာ သက်ကြီးရွယ်အိုတွေအပေါ် မိဘသဖွယ်ပြုစုယုယ၊ အမေတစ်ယောက်ပမာ ကလေးတွေဆိုးမျှကို အလိုလိုက်၊ သည်းခံစိတ်တွေ အပြည့်မွေးပြီး နေနေကြရရှာတာပါ။
မိမိနဲ့သိတဲ့ ကံကောင်းသူမလေးနှစ်ယောက်သုံးယောက် စင်္ကာပူရောက်တုန်းလေး တွေ့ဖို့ကြိုးစားကြည့် တယ်။ ဘယ်လိုမှ တွေ့ခွင့်မရခဲ့။ ဖုံးဆက်စကားပြောဖို့ ကြိုးစားခဲ့တယ်။ ဖုံးကိုင်ခွင့်မရလို့ပါတဲ့ (တဆင့် ပြော လာတာပါ)။ နောက်မှ သိလိုက်ရတာကတော့ လမ်းစရိုက်မျှပေးရတဲ့ အမေ့သမီးကံကောင်းသူမလေး အကျဉ်းကျခံဘ၀နဲ့ ရောက်စကိုးလလုံးလုံး အိမ်ကိုငွေတစ်ပြားမှ မပို့လိုက်ရဘူးတဲ့။ တိုက်ခန်း ပြတင်းပေါက် ကနေ ဘေးဖက်ဝဲယာကို ငေးမောကြည့်ရုံမှအပ အပြင်ထွက်ခွင့်မရရှာတဲ့ ကံကောင်းသူမလေး။ အဲဒီလို အကျဉ်းကျခံ ကံကောင်းသူမတွေ ဘယ်လောက်များနေပြီလဲ။
လွတ်လပ်မှုအပြည့်ရှိတဲ့ စင်္ကာပူမှာ ကိုယ်လုပ်ချင်တာကို လွတ်လပ်စွာလုပ်ပိုင်နိုင်ခွင့်ရှိတယ်လေ။ သွားချင် သလား လွတ်လပ်စွာသွား၊ ၀တ်ချင်သလား လွတ်လပ်စွာဝတ်၊ လှချင်သလား စိတ်ကြိုက်ဆင်၊ ပျော်ချင်သ လား လွတ်လပ်စွာပျော်၊ တော်ချင်သလား အဆုံးအထိတော်၊ တွဲချင်သလား လွတ်လပ်စွာ တွဲ၊ ခွဲချင်သလား လွတ်လပ်စွာခွဲ၊ အဲဒါဟာ စင်္ကာပူရဲ့ဒီမိုကရေစီပဲလေ။ လွတ်လပ်မှုဆိုတာ လူကိုရစ်မှုးစေတတ်တဲ့ ရှန်ပိန် တစ်ခွက်လို သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေမလား။
မသွားဖူးတာ သွားကြည့်ချင်တယ်၊ မလုပ်ဖူးတာ လုပ်ကြည့်ချင်တယ်၊ မပျော်ဖူးတာ ပျော်ကြည့်ချင်တယ်၊ လွတ်လပ်မှုသာရရင် ယဉ်ကျေးမှုတွေ၊ ကျင့်ဝတ်တရားတွေဘေးချိတ်ပြီး စိတ်ဆန္ဒရှိတိုင်း ရေစုံမျောပစ်လိုက် ချင်တယ်။ လျှာတောင် မစားဖူးတဲ့အစာဆို အရသာခံစားကြည့်ချင်သေးတာပဲ။
လွတ်လပ်မှုနောက်ကွယ်က လေညှင်းလေးတွေလဲ အေးမြပါစေ။ အနာဂတ်မဲမှောင်ကျမည့် ဘ၀မိုးတိမ်တွေ ကို ရှောင်ရှားနိုင်ပါစေ၊ ပူပြင်းလှတဲ့စင်္ကာပူရာသီဥတုမှာ ရင်ထဲကအပူတွေလဲ ငြိမ်းချမ်းပါစေ၊ မိဘတို့ရဲ့ စိုးရိမ်အပူတွေလဲ ကင်းဝေးပါစေ။ စည်းတစ်ခုရဲ့နောက်ကွယ်က လွတ်လပ်မှုရင်ခွင်မှာ နှစ်ခြိပ်ပျော်ရွင်ကြ ပါစေ။ အကျဉ်းကျခံ လူတန်းစားတွေအပေါ် နားလည်ပေးနိုင်ကြပါစေ။ စင်္ကာပူရောက်ခိုက်လေး တိုးတိတ်စွာ ခံစားမိလိုက်ခြင်းရယ်…။
စာမရေးဖြစ်၍ ရောက်တတ်ရာရာအတွေးများကို ပျို့အန်လိုက်ခြင်းမျှသာ....။
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ပိုစ့်လေးဖတ်ပြီ တွေးစရာလေးရသွားပါတယ် ဘုန်းဘုန်း
ReplyDeleteကျန်းမာပါစေ...
ဘုန်းဘုန်း စင်္ကာပူရောက်နေတာပေါ့... လိုအပ်တာရှိရင် တပည့်တော်ကို ပြောပါနော်...
ReplyDeletecandykhine2@gmail.com
အဲ့ဒါ တပည့်တော် မေးလ်ပါ ဘုရား.. ကိုယ်တိုင်က ဘာမှတော့ မဟုတ်ပေမယ့် ကူညီနိုင်တာများရှိရင် ကူညီခွင့်ရချင်လို့ပါ ဘုရား :D
ခံစားသွားပါတယ် အတွေးတွေနဲ့ ပြန်သွားပါတယ်
ReplyDeleteလေးစားစွာဖြင့်
ရွှေစင်ဦး
ချယ်ရီမြေမှ ဗဟုသုတ စာလေးတွေလာရောက် ဖတ်သွားတယ်။ ဗျို့အန်သံလေးတွေ ထပ်တူခံစား သွားတယ်။
ReplyDeleteအလွမ်းမြို့
တစ်ကယ်ကို အတွေးများစရာ ပို့စ်လေးပါပဲ ဘုရား....
ReplyDeleteအတွေးပွားစေတဲ့ ပို့ စ်လေးပါ ဘုရား..
ReplyDeleteအတွေးများစရာ ပို့စ်ကောင်းလေးပါ
ReplyDeleteတွေးစရာလေးတွေဝေမျှတွေးသွားပါတယ်ဘု၇ား
ReplyDeleteဘုန်းဘုန်းရေးတဲ့စာကိုဖတ်ပြီးစဉ်းစားစရာတွေ ရင်ထဲမှာ
ReplyDeleteအပြည့်ပါပဲ ဒီလိုမျိုးတွေလဲရှိတတ်တာပဲနော်
ဘုန်းဘုန်းချမ်းမြေ့ပါစေ
ကိုချယ်ရီရေ...
ReplyDeleteလေရူးနှောက်တဲ့ နွေဦးရောက်လာပီမို့
နွေရာသီယဉ်ကျေးမှုသင်တန်းအတွက်
ကြိုတင်ပြင်ဆင်နေရလောက်ပီထင်တယ်နော်.
လေးစားခင်မင်လျှက်
ဆန်းသစ်အောင်(မျိုးဆက်သစ်မှတ်တိုင်)
အစဉ်အားပေးလျှက်ပါဘုန်းဘုန်း
ReplyDeleteတပည့်တော် ဖတ်ရှု မှတ်သားသွားပါတယ် အရှင်ဘုရား။
ReplyDeleteရိုသေစွာဖြင့်
မြတ်ပန်းနွယ်
တိုးတိတ်စွာခံစားချက်များကို ခံစားသွားပါတယ်ဘုရား
ReplyDeleteတပည့်တော်ကတော့အော်ဟစ်ပြိးကိုခံစားနေရတာပါ
ရိုသေလေးစားလျှက်
မဒိုးကန်
လာရောက်လေ့လာ မှတ်သားသွားပါတယ်။ ခံစားချက်တွေက .. သဘာဝအမှန်တရားကို ပြသခြင်းပါ..၊ အရာအားလုံးဟာ ပြောင်းလဲနေတာမို့.. တချိန်ချိန်မှာ စင်္ကာပူဆိုတာ.. ရွာသာသာဖြစ်သွားတော့မှာပါ... ဖန်တီးထားတာတွေ ဘယ်လောက် ခန်းနားဆန်းကြယ်ပေမယ့် .. သဘာဝရဲ့ ခန်းနားမှု ၊ ဆန်းကြယ်မှုကိုတော့ လိုက်မှီ မှာ မဟုတ်တာကတော့ သေချာပါတယ်။
ReplyDeleteတိုတိတ်စွားခံစားမှု ပေါက်ကွဲသံစဉ်ကို.. မှတ်သားသွားပါတယ်ဗျာ...
ဒီအဖြစ်တွေက အခုချိန်မှာ စင်္ကာပူမှာပဲ ကြားနေရသေးပေမယ့် မကြာခင် မှာ မလေးရှားမှာလဲ...အများကြီး ကြားလာရောတ့မှာပါ...ဘယ်နိုင်ငံမှာမှမရှိတဲ့ နိုင်ငံခြားသားတွေကို နှိပ်ကွပ်ပြီး အောက်တန်းစားတွေလို သဘောထားကြတဲ့ နိုင်ငံဟာ..မလေးရှားပါပဲ...ဒီလိုနိုင်ငံမှာ အိမ်ဖော်အလုပ်တွေအတွက် မြန်မာပြည်က မိန်းကလေးတွေကို စပြီးခေါ်ဖို့ လုပ်နေကြပါပြီ...ဒါတောင်ပြောလိုက်သေးတယ်...မြန်မာတွေက ယဉ်ကျေးတယ်တဲ့ ဒါကြောင့် အိမ်ဖော်အလုပ်ပေးဖို့ စဉ်းစားပေးလိုက်တာဆိုပဲ...ရေးနေရင်းနဲ့တောင်ရင်နာမိတယ်..ငါတို့ရဲ့ ယဉ်ကျေးမှုက သူတို့ အိမ်ဖော်အလုပ်နဲ့ကွက်တိပဲဆိုတဲ့အပြောမျိုး...မြင်ယောင်နေပါတယ်...ငါတို့ နိုင်ငံရဲ့ ယဉ်ကျေးယုံတင်မကပဲ..ရိုးသားဖြူစင်ပြီး ပွဲစားတွေပြောတဲ့ စကားတွေကို အဖြူရောင်သက်သက်စိတ်ကူးလေးတွေနဲ့ရောက်လာကြမယ့် ငါတို့ရဲ့ အမျိုးကောင်းသမီးလေးတွေ...ရေးနေရင်းနဲ့ ၀မ်းနည်းခြင်းများစွာနဲ့ရင်ဘတ်ထဲမှာ နာကျမိပါတယ်...
ReplyDelete